တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ညောင်တုန်းမြို့မြစ်ကမ်းအခြေအနေများအားကြည့်ရှုစစ်ဆေး
Jul 19,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ (၁၇)လမ်း မြစ်ကမ်းသို့ ရောက်ရှိလာပြီး မြစ်ကမ်းပါးအခြေအနေနှင့် မြစ်ရေချိန်အမှတ်တိုင်းထွာသည့် ရေမှတ်တိုင် အားကြည့်ရှု့စစ်ဆေးရာ မြစ်ကမ်းတာဝန်ရှိသူများက မြစ်ကမ်းပါး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။