သာယာဝတီမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

သာယာဝတီ ဇူလိုင် ၁၈

‌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သင်တောရိုးအုပ်စု၊ သင်တောရိုးကျေးရွာ၊ သာသနာ့ဗိမ္မာန်ကျောင်းတိုက်တွင် သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှကြီးမှူးဖွင့််လှစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းသို့ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။ 

အခမ်းအနားတွင် အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က လူကုန်ကူးခံရခြင်းတွင် အများဆုံးဖြစ်ပွားလေ့ရှိသောပုံစံများ၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ Social Media အသုံးပြု၍ နည်းမျိုးစုံဖြင့်စည်းရုံးနေမှုများအား သတိပြုဆင်ခြင်နိုင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမှတ်(၄၁/၂၂)ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေပါအကြောင်းအရာများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပ‌ဒေပါ အကြောင်းအရာများ၊ အငှားကိုယ်ဝန်‌ဆောင်ခြင်းနှင့်ပတ်သက်သောအကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါအကြောင်းအရာများအား သင်တန်းသူအမျိုးသမီး(၁၅)ဦးအား အသိပညာပေးဟောပြောခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)