လှိုင်သာယာ ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံး၀င်မှတ်ပုံတင်ထားသော အဏ္ဏဝါလွှမ်းကုမ္ပဏီလီမိတက်မှ အာမခံအလုပ်သမားနှင့် Xi Qi Mould Co.,Ltdမှ အာမခံအလုပ်သမားတို့အား လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိမှုတို့အတွက် အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်းထုတ်ပေးခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီခွဲ၌ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် ကျင်းပသည်။
လူမှုဖူလုံရေးရုံးတွင် အကျုံး၀င်မှတ်ပုံတင်ထားသော အမှတ်(၅၈၄)၊လှိုင်မြစ်လမ်း စက်မှုဇုန်(၆)ရှိ အဏ္ဏဝါလွှမ်းကုမ္ပဏီလီမိတက်မှ အာမခံအလုပ်သမား ဦးထွန်းထွန်း၀င်းသည် အင်းစိန်မြို့နယ်ဖော့ကန်မှ သီလဝါသို့ ၀န်ထမ်းကြိုပို့ခြင်းများ ဆောင်ရွက်ရာတွင် တစ်ဘက်ယာဉ်ကြောမှ အရှိန်ဖြင့် လမ်းပြောင်းပြန်မောင်းနှင်လာသောကား ဓာတ်တိုင်နှင့် ၀င်တိုက်မိပြီး ဘယ်ခြေမွဲရိုး ကွဲအက်ဒဏ်ရာ၊ ညာဘက်ခြေမွဲရိုး နှစ်ပိုင်းကျိုးဒဏ်ရာ၊ ယာဘက်နံရိုးတစ်ချောင်းကျိုးဒဏ်ရာရရှိခြင်းအတွက် အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်း ၆၁၇၄၀၀၀/-ကျပ်နှင့် ကနောင်မင်းသားလမ်း၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ Xi Qi Mould Co.,Ltdမှ အာမခံအလုပ်သမားဖြစ်သူ ဦးကျော်ဇင်ဦးသည် စက်ပစ္စည်းဖြင့် အလုပ်လုပ်ကိုင်နေစဉ် ညာမျက်လုံးသံချောင်းမှန်၍ မျက်လုံးကွဲဒဏ်ရာရရှိခဲ့သည့်အတွက် အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်း ၂၈၄၀၇၄၅.၆၀/- ကျပ်၊ စုစုပေါင်း ၉၀၁၄၇၄၅.၆၀/- ကျပ်တို့ကို ကာယံကံရှင်များထံသို့ တာ၀န်ခံအရာရှိ ဦးသိန်းနွဲ့ဦးက စက်ရုံမှတာ၀န်ရှိသူများ၊ အလုပ်သမားရေးရာညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့၀င်များ၏ ရှေ့မှောက်တွင် အကျိုးခံစားခွင့်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)