ပဲခူးမြို့၌ (၇၇) နှစ်​မြောက် အာဇာနည်​နေ့အထိမ်းအမှတ် ​ဟော​ပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်ပြပွဲများကျင်းပ

ပဲခူး ဇူလိုင် ၁၈

ပဲခူးမြို့တွင် (၇၇) နှစ်​မြောက် အာဇာနည်​နေ့အထိမ်းအမှတ် အသိပညာ​ပေး​ဟော​ပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်ပြပွဲများ ကို ယနေ့နံနက် (၁၀) နာရီက ပဲခူးခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့​သည်။

ရှေးဦးစွာ ပဲခူးခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ​ဒေါ်​ချစ်ချစ်သန်းက (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အာဇာနည်နေ့ကို မမေ့လျော့ရန်နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အာဇာနည်စိတ်ဓာတ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု၊ အာဇာနည်(၉)ဦးတို့၏ အထ္တုပတ္တိအကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများက အသက်ကိုစတေးကာ နိုင်ငံနှင့်လူမျိုးတို့ကို ကျွန်ဘဝမှ လွတ်မြောက်ခွင့်ရစေခဲ့သည်မှာ (၇၇) နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်​ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ အာဇာနည်နေ့နှင့်ပတ်သတ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့ကိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၂၅) ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများ အား ဆုချီးမြှင့် ပေးအပ်ခဲ့ကြောင်းသိရသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်း ပြသထားသည့် အာဇာနည်​ခေါင်း​ဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ နံရံကပ်စာ​စောင်များနှင့် ဗဟုသုတရဖွယ် သုတ၊ ရသစာအုပ်များကို​ ကြည့်ရှုလေ့လာဖတ်ရှုခဲ့​ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)