မော်လမြိုင် ဇူလိုင် ၁၈
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပြည်နယ်အဆင့်ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အစိုးရစက်မှုလက်မှုအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မော်လမြိုင်-သထုံခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ဇော်ထူးမှ ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်းအကြောင်းအရာအားလည်းကောင်း၊ ပြည်နယ်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးသက်မောင်မောင်မှ အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံနှင့် ဒီရေတောများစီမံအုပ်ချုပ်ခြင်းအကြောင်းအရာအားလည်းကောင်း ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ပြန်/ဆက်