ဝေါ ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၅၀) စက်မှုလယ်ယာစခန်းမှ တောင်သူလယ်သမားများအား စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး ကြဲခင်းစနစ်မှ Kubota ကောက်စိုက်စက်ဖြင့် တိုက်ရိုက်စိုက်ပျိုးနိုင်ရန် လက်တွေ့သရုပ်ပြ စိုက်ပျိုးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျိုက်လှကျေးရွာအတွင်းရှိ ရန်ကုန်-မော်လမြိုင် အမြန်လမ်းမဘေး ကွင်းအမှတ် ၆၈၇ (ခ) တောင်သူ ဒေါ်ရီစိန်၏လယ်မြေတွင် ကျင်းပခဲ့ကြောင်း သည်။
ရှေးဦးစွာ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းချစ်ထွန်းက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်းအကြောင်းများကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၅၀) စက်မှုလယ်ယာစခန်းမှ ဝန်ထမ်းများက စပါးမျိုးပင်ချ ကရိယာ Kubota ကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြ စိုက်ပျိုးပြသရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျိုက်လှကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူလယ်သမားများ တက်ရောက်လေ့လာကြကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)