အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း ကာလတိုအခမဲ့သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Jul 18,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဒေသအတွင်းရှိ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ အသက်မွေးဝမ်းကြောင်းပညာတတ်မြောက်ခြင်းဖြင့် တစ်ဦးချင်းဝင်ငွေမြင့်မားလာစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပူးပေါင်းကူညီမှုဖြင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း ကာလတိုအခမဲ့သင်တန်းကို ဇူလိုင် ၈ ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)အစည်းအဝေးခန်းမ၌ သင်တန်းဆင်းပွဲ ကျင်းပသည်။