ပိုင်ကျုံ ဇူလိုင် ၁၉
ကျောင်းသားလူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ပိုင်ကျုံမြို့ ကစိုကျေးရွာအုပ်စုရှိ အ.လ.က ကစိုကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ကိုရှင်းလင်း ပြောကြားပြီးနောက် ကျောင်းသား/သူများ သိသင့်သိထိုက်သည့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ကျောင်းသားလူငယ်များ အတုယူစရာကောင်းသည့် ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်အပေါ် ထားရှိသည့် စိတ်ဓာတ်နှင့် လွတ်လပ်ရေးရရှိရေးအတွက် ကြိုးပမ်ဆောင်ရွက်ပုံများ၊ ကျောင်းသားလူငယ်များအနေဖြင့် မိဘ၊ ဆရာ/မများကို ရိုသေလေးစားပြီး မိမိရည်မှန်းချက်ပန်းတိုင် ရောက်ရှိရေးအတွက် ကြိုးစားဆောင်ရွက်ရရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး ကျောင်းသားလူငယ်များအား ဉာဏဖွံ့ဖြိုးရေးအတွက် ဉာဏ်စမ်းများနှင့် စာဖတ်ခြင်းများကို တက်ရောက်လာကြသည့် ကျောင်းသား/သူ များက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကြပြီး ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများကိုလည်း ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် အာဇာနည်နေ့နှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား လူငယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)