ဒဂုံတက္ကသိုလ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jul 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးသိတတ်ရန်၊ ကျေးဇူးဆပ်ရန်၊ နောင်အနာဂတ်တွင် ပိုင်စိုးမည့်သူများဖြစ်သည့်အတွက် ကျောင်း၏ တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ရန်၊ အများအကျိုး သယ်ပိုးဆောင်ရွက်သူများ ဖြစ်စေရန်၊ နိုင်ငံ့တာဝန်ကို ပခုံးပြောင်း တာဝန်ထမ်းဆောင်မည့် သူများဖြစ်စေရန်ရည်ရွယ်၍ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။