ညောင်တုန်း ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ (၁၇)လမ်း မြစ်ကမ်းသို့ ရောက်ရှိလာပြီး မြစ်ကမ်းပါးအခြေအနေနှင့် မြစ်ရေချိန်အမှတ်တိုင်းထွာသည့် ရေမှတ်တိုင် အားကြည့်ရှု့စစ်ဆေးရာ မြစ်ကမ်းတာဝန်ရှိသူများက မြစ်ကမ်းပါး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့အမှတ်(၄)ရပ်ကွက်၊ (၁၁)နှင့်(၁၂)လမ်းကြား ပန်းလှိုင်မြစ်ကမ်းထိန်းတာတွင် ရေအနည်းငယ်ယိုစိမ့်မှုဖြစ်ပွားသည့်နေရာသို့ ရောက်ရှိ၍ သဲ၊ ကျောက်စရစ်တို့ဖြင့် ရေခွေဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)