ချင်းပြည်နယ်အုပ်ချုပ်ရေးမှူးဖလား မုတ်သုံစားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ဟားခါး ဇူလိုင် ၁၉

ချင်းပြည်နယ်အုပ်ချုပ်ရေးမှူးဖလား မုတ်သုံစားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းကို ယနေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချို၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် စားပွဲတင် တင်းနစ် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာချင်းပြည်နယ်အုပ်ချုပ်ရေးမှူးဖလား မုတ်သုံစားပွဲတင်တင်းနစ်ပြိုင်ပွဲ တစ်ဦးချင်းနှင့် နှစ်ယောက်တွဲ ဗိုလ်လုပွဲအား ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြီး ပြိုင်ပွဲတွင် ဒိုင်အဖြစ် တာဝန်ယူပေးကြသူများအား ဒုတိယညွှန်ကြားရေးမှူး ဦးအောင် ကြည်တိုးက လည်းကောင်း ၊ အပျော်တန်းအဆင့် တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယရရှိသူများ အား ဒုတိယညွှန်ကြားရေးမှူး ဦးသီဟံစိုးကလည်းကောင်း၊ အထက်တန်းအဆင့် တစ်ဦးချင်းပြိုင်ပွဲ တွင် ပထမ၊ ဒုတိယရရှိသူများအား ညွှန်ကြားရေးမှူး ဦးထွန်းသိန်းကလည်းကောင်း ၊ အထက်တန်း အဆင့် နှစ်ယေက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယရရှိသူများအား ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချို ကလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင် ( ပြန်/ဆက် )