ဘီးလင်း ဇူလိုင် ၂၀
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဝါဆိုလပြည့် (ဓမ္မစက်ြာအခါတော်နေ့)၌ ရပ်ကွက်/ကျေးရွာအသီးသီးရှိ ဗုဒ္ဓဘာသာဝင် ပြည်သူများကဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ဥပုသ်သီလခံယူဆောက်တည်ခြင်း စသည့်ကုသိုလ်ကောင်းမှုများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကုသိုလ်ကောင်းမှုများ ပြုလုပ်ရာတွင် ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်၊ ဓမ္မဝိဟာရစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ သီလခံယူဆောက်တည်သူများက နမောတဿ သုံးကြိမ်ရွတ်ဆိုကာ ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြခဲ့ကြသည်။
ယင်းနောက် ကျောင်းတိုက်အတွင်း ဝါဆိုတော်မူကြမည့် ဆရာတော်၊ သံဃာတော်များအား အလှူရှင်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ အသီးသီးဆက်ကပ်လှူဒါန်းပေးခဲ့ပြီး ဆရာတော်အရှင်သူမြတ်မှ အနုမောဒနာတရားချီးမြှင့်၍ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်ချအမျှအတန်းပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
မြိုနယ်(ပြန်/ဆက်)