ဂွ ဇူလိုင် ၂၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်သော မြို့အဆင့်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့မရပ်ကွက်၊ သဒ္ဓမ္မမေဒနီ မြို့မကျောင်းဆရာတော်၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒသုစိတ္တဓမ္မ အမှူးပြုသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်(၅)ပါးတို့ ကြွရောက်တော်မူကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဖတ်ပူဇော်၍ စတင်ဖွင့်လှစ်ကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဇျာယ်တော်မူကြသော မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဝါဆိုသင်္ကန်းများနှင့် လှုဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ ဝါဆိုသင်္ကန်း အနုမောဒနာတရား နာယူခဲ့ကြပြီး လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်