ပခုက္ကူ ဇူလိုင် ၂၀
မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ် ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာအခါတော်နေ့)တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးတို့၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ပခုက္ကူမြို့သည် ဗုဒ္ဓဘာသာသာသနာထွန်းကားရာ မြို့တစ်မြို့ဖြစ်သည်နှင့်အညီ သီဟိုဠ်ရှင်မြတ်စွာဘုရား၊ ရွှေကူမြတ်စွာဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးစသည့် ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများတည်ရှိရာ မြို့လည်းဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများသည် ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)တွင် ဘုရား၊ စေတီတော်မြတ်ကြီးများရှိ ဗုဒ္ဓရုပ်ပွားတော်များရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများ ကပ်လှူခြင်းတို့ဖြင့် အသီးသီးလာရောက်ကုသိုလ်ယူကြသည်ကို တွေ့ရသည်။
ထို့အပြင် ဘုရား၊ စေတီတော်မြတ်ကြီးများအတွင်းရှိ ဆရာတော်သံဃာတော်ကြီးက သီလပေးတရားမြွက်ကြားရာ တရားနာယူသူများ၊ ဥပုသ်သီလစောင့်ယူသူများ၊ ဘုရား၊စေတီတော်များတစ်လျှောက် လာရောက်လည်ပတ်အပန်းဖြေကြသူများ၊ ငါးအစာကျွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)