ဗိုလ်တထောင် ဇူလိုင် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့ဓမ္မစင်္ကြာနေ့တွင် (၅၂)ကြိမ်မြောက် ဝါတွင်းတရားပွဲကို ယနေ့နံနက်(၁၀)နာရီက ရင်ပြင်ပေါ်ရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံ၌ ပုညသုခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမေဓာနန္ဒနမှ ကိုးပါးသီလနှင့်ဝါဆိုသင်္ကန်းကပ်တရား၊ ရေစက်ချတရားတော်များ ဟောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်ဆ ရာတော်အား ရွှေသံလွင်ကုမ္ပဏီမှ နှစ်ဖက်သောမိဘများအား အမှူးထား၍ ကိုအောင်ပြည့်စုံ၊ မမျိုးရတနာထိုက်၊ သမီးခင်ငြိမ်းချမ်းပြည့်စုံလှိုင်၊ မခင်ဘုန်းမြတ်ပြည့်စုံလှိုင်၊ မခင်မေတ္တာပြည့်စုံလှိုင်မိသားစုတို့မှ သီလပေးဆရာတော်အား ဝါဆိုသင်္ကန်း၊ ဝတ္ထုငွေနှင့်နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီး ဥပုသ်သီလတရားနာယူ ပုဂ္ဂိုလ်များအား ကြက်ဆီဆွမ်းဗူးများဖြင့်ကုသိုလ်ဒါနပြုလုပ်ခဲ့သည်။
အဆိုပါ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၌ ၁၃၈၆ခုနှစ် ဝါတွင်းသုံးလ ဥပုသ်နေ့များ၌ အပတ်စဉ်နံနက်၁၀နာရီ၌လည်းကောင်း၊ မွန်းလွဲ၁၂နာရီခွဲမှ နေ့လယ်၂နာရီခွဲအချိန်ထိနှင့် နေလယ်၃နာရီမှ၅နာရီအထိ ဝါတွင်း ၁၃ပတ်တိတိအား အပတ်စဉ်သီလပေးခြင်း၊ တရားပွဲများဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး ထိုဝါတွင်းကာလဉပုသ်နေ့များတွင် တရားချီးမြှင့်သည့် ဆရာတော်ကြီးများအား သံဃပူဇာအနေဖြင့် သံဃာတော်တပါးလျှင် သင်္ကန်းခြင်း(၁)ခြင်းနှင့် နဝကမ္မဝတ္ထုငွေကျပ်(၃၀၀၀၀၀/)တိတိဖြင့် ဥပုသ်(၁၃)ပတ်အတွက် စုစုပေါင်း နဝကမ္မဝတ္ထုငွေ(၁၁၇၀၀၀၀၀/)တိတိအား အလှူရှင်ကိုအောင်ပြည့်စုံ၊ မမျိုးရတနာထိုက်၊ သမီး ခင်ငြိမ်းချမ်းပြည့်စုံလှိုင်၊ မခင်ဘုန်းမြတ်ပြည့်စုံလှိုင်၊ မခင်မေတ္တာပြည့်စုံလှိုင်မိသားစုတို့က ကုသိုလ်ပြုလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့တွင် ပြည်သူအများ ဘုရားလာရောက်ဖူးမျှော်ကာ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ခင်ဝင်း (ပြန်/ဆက်)