ငါးသိုင်းချောင်း ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ငဝန်မြစ်ရေကြီးမှုကြောင့် ရေဝင်ရောက်လာသော နေရာများမှ ပြည်သူများအား ခေတ္တရွှေ့ပြောင်းနေထိုင်ခွင့်ပြုထားသည့် ငါးသိုင်းချောင်းမြို့ အမျိုးသားခန်းမတွင် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့် ဦးဆောင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းကာ ရေဘေးသင့် ပြည်သူများ နေထိုင်မှုအခြေနေများအား ကြည့်ရှု့စစ်ဆေး၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော အခြေခံစားသောက်ကုန်များအား ယာယီရေဘေးရှောင်ပြည်သူများသို့ ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)