ရေတာရှည် ဇူလိုင် ၂၉
ရေတာရှည်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ရေတာရှည်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင် စားသုံးသူပြည်သူများ ဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးခြင်းကို မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များ၏ ဦးဆောင်မှုဖြင့် ရေတာရှည်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဆန်တစ်ပြည်လျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ရပ်ကွက်များအလိုက် ရောင်းချပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ကြီးကြပ်မှု၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းကာ စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူရရှိနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)