မိုင်းဖြတ်မြို့နယ်၌ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်း အသိပညာ​​ပေး​ဆောင်ရွက်

မိုင်းဖြတ် ဇူလိုင် ၂၉

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် မျိုး​ကောင်းမျိုးသန့်တိရစ္ဆာန်များ၏ အထွက်နှုန်းတိုးတက်​ကောင်းမွန်လာ​စေရန် ရည်ရွယ်၍ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်း အသိပညာ​ပေးခြင်းကို ယမန်​နေ့က ဝမ်မိုင်ရပ်ကွက် နွား​မွေးမြူ​ရေးခြံ၌ ဆောင်ရွက်ခဲ့သည်။

​ရှေးဦးစွာ မြို့နယ်​မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှ ​ဒေါက်တာထွန်း​ဇော်ဝင်းက တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်းကို လက်​တွေ့ကျကျကျင့်သုံးပါက ရရှိမည့်အကျိုး​ကျေးဇူးများကို ရှင်းလင်း​ပြောကြားခဲ့သည်။ ထို့​​​နောက် နွားစာဖတ်ပြုလုပ်ရာတွင် လိုအပ်သည့် ​မြေ​နေရာ၊ ချဉ်ဖတ်စာ၊ ချဉ်ဖတ်ထည့်ရန်ပြင်ဆင်ပုံ၊ တွက်ချက်နည်းအ​ခြေခံ၊ နေပီယာမြက်စိုက်ပျိုးထားရှိမှုများနှင့် ဆောင်ရွက်ပုံနည်းလမ်းများ၊ ယူရီးယားကောက်ရိုးပြုပြင်ကျွေးမွေးခြင်းဆိုင်ရာ နည်းပညာများကိုသရုပ်ပြခြင်းနှင့် ကောက်ရိုးများစနစ်တကျထားရှိနိုင်ရေး ပညာပေး​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ဆက်လက်၍ တာဝန်ရှိသူများက နွားစာချဉ်ဖတ်ပြုလုပ်နည်း၊ ​ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်​ကျွေး​မွေးခြင်း အသိပညာ​ပေးလက်ကမ်းစာ​​စောင်များကို ဖြန့်​ဝေး​ပေးခဲ့ပြီး  အဆိုပါပညာပေး​ဆောင်ရွက်ရာသို့ မြို့နယ်အတွင်းရှိ တိရစ္ဆာန်​မွေးမြူ​ရေးလုပ်ငန်းရှင် (၁၁)ဦး တက်ရောက်ခဲ့ကြ​ကြောင်း သိရသည်။

သန်းထွန်း​အေး(ပြန်/ဆက်)