စမ်းချောင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့၀င်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကျင်းပ

စမ်းချောင်း ဩဂုတ် ၆

ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနတွင် မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့၀င်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/ ၂၀၂၄) သင်တန်းဖွင့်ပွဲအား ယမန်နေ့ နံနက်(၉)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘ၀င်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အရန်မီးသတ်တပ်ဖွဲ့၀င်များအား အရန်ယူနီဖောင်း၀တ်စုံများ ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘ၀င်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး၀င်းနိုင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်မိုး၊ အရန်မီးသတ် ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူး၊ ဒုတိယတပ်ခွဲမှူးများ၊ သင်တန်းသားများနှင့် တာ၀န်ရှိသူများ စုစုပေါင်း (၅၅) ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကို ဩဂုတ်လ(၅)ရက်နေ့မှ ဩဂုတ်လ (၃၀) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)