စမ်းချောင်း ဩဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်(ခရိုင်အဆင့်) မြန်မာ့ရိုးရာယဉ်ကျေးမှုအခြေခံကဗျာလွတ်အကပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီက အ.ထ.က(၂)စမ်းချောင်း စံပယ်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၂)ဦးမျိုးသန့်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရန်၊ မြန်မားရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြတ်နိုးတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ အမှတ်ပေးဒိုင်အဖွဲ့မှ အမှတ်ပေးစည်းမျဉ်းများ ပြောကြားကာ ပြိုင်ပွဲအမှတ်စဥ်မဲနှိုက်၍ ပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ အလုံမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ကြည့်မြင်တိုင်မြိုနယ်များ၏ ကိုယ်စားပြုအကအဖွဲ့များ ၀င်ရောက်ယှဉ်ပြိုင်ကြပြီးနောက် ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ဆုများကိုဆက်လက်ချီးမြှင့်ရာ ပထမဆုကို စမ်းချောင်းမြို့နယ်၊ ဒုတိယဆုကို ကြည့်မြင်တိုင်မြို့နယ်နှင့် တတိယဆုကို အလုံမြိုနယ်တို့မှရရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့၀င်(၁)၊ ခရိုင်ပညာရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဆုများကို အသီးသီးပေးအပ်ချီးမြှင်ခဲ့ကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)