သတင်းများ

မရမ်းကုန်းမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Aug 05,2024
သစ်တောသစ်ပင်စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းတို့ကို ပြည်သူလူထုအတွင်း နိုးကြားသောအသိစိတ်ဓာတ်ရှင်သန်စေရေးအတွက် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ကမ္ဘာအေးဘုရားတွင် ယနေ့နံနက် (၁၀) နာရီအချိန်၌ သစ်တောဦးစီးဌာနကဦးဆောင်၍ကျင်းပပြုလုပ်ရာ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးဆောင်သော ဝန်ထမ်း (၈၀) ဦး၊ အလုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးသူနှင့်ဝန်ထမ်း (၁၅) ဦး၊ ဒေသခံပြည်သူ (၂၀) ဦး စုစုပေါင်း (၁၁၅) ဦး တက်ရောက်၍ ငုရွှေဝါ (၃၀) ပင် ၊ ပျဉ်းမ  (၃၀) ပင် ၊ စိန်ပန်း (၃၀) ပင်၊ ထိုင်ဝမ်ဗန်ဒါ (၃၀) ပင် ၊ ခရေ (၃၀) ပင်၊ ကျွန်း (၁) ပင်  ၊ မယ်ဇယ် (၁) ပင် စုစုပေါင်း ပျိုးပင် (၁၅‌၂) ပင်တို့ကို  စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် အင်္ဂပူမြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်သည့် မိုးစပါးစိုက်ခင်းများ ပြန်လည်စိုက်ပျိုးရန် ပြင်ဆင်‌နေမှုအား ကြည့်ရှုအားပေး
Aug 05,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက အင်္ဂပူမြို့နယ်၊ တလိုင်းကွင်းကျေးရွာအုပ်စု၊ တလိုင်းကွင်းကျေးသို့‌ ရောက်ရှိရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်တာဝန်ရှိသူများ၊‌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများက ကြိုဆိုခဲ့သည်။
သံဖြူဇရပ်မြို့နယ် အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ်(၄)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းတက်ရောက်
Aug 05,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း၊ အမှတ်စဉ်(၄)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပရာ သင်တန်းဖွင့်ပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(တိုင်းဦးစီးချုပ်)၊ သံဖြူဇရပ်တပ်နယ်မှ တပ်နယ်မှူးနှင့်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ်
Aug 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း ဖွဲ့စည်းထားရှိပြီးသော အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အခြေခံမီးသတ်ပညာသဘောကို သိရှိနားလည်တတ်မြောက်စေပြီး မီးလောင်မှုများ ဖြစ်ပေါ်လာပါက ထိရောက်လျင်မြန်စွာ မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တပြေးညီ ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် တတိယအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ
Aug 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ တိုင်းဒေသကြီးလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှကြီးမှူး၍ တတိယအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအား ယနေ့နံနက်(၈)နာရီအချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ ဘဲဂရက်ဓါတ်အားခွဲရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လယိတမ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအစားအစာနှင့် အဖျော်ယမကာဧည့်ခံကျွေးမွေးရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား တက်ရောက်
Aug 05,2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း(မော်လမြိုင်ဇုန်)နှင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်း(မော်လမြိုင်ဇုန်)တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အစားအစာနှင့် အဖျော်ယမကာဧည့်ခံကျွေးမွေးရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ Royal Hinthar Hotel ခန်းမ၌ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနိုင်လယိတမ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတာဝန်ရှိသူများ၊ မွန်ပြည်နယ်ဟိုတယ်လုပ်ငန်းရှင်များအသင်းမှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဟိုတယ်မန်နေဂျာများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသူ/သင်တန်းသားများတက်ရောက်သည်။
အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Aug 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းနှင့်Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်အတွင်း ရပ်ကွက်များရှိ သတ်မှတ်နေရာများတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ
Aug 05,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန်၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံ​ငွေဖြင့်ဆောင်ရွက်သော ကွန်ကရစ်လမ်းခင်းခြင်းကို သဲကုန်းမြို့နယ်၊ ရပ်ကွက်(၁)၊ ​ပြင်ဦးလွင်လမ်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။