လဲချားမြို့နယ် ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြောခြင်းများ ဆောင်ရွက်

လဲချား သြဂုတ် ၆

ရှမ်းပြည်နယ်​တောင်ပိုင်း၊ လဲချားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ကလေးလူငယ်များ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ကလေးစာကြည့်တိုက်အပေါ် စိတ်ပါဝင်စားလာစေရန်၊ ကလေးစာဖတ်ခန်းနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) အချိန် ကလေးစာဖတ်ခန်းတွင် ပုံပြင်‌ပြောခြင်းများကို ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ကလေးစာဖတ်ခန်းတွင် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်က ကလေးများအားဦးစွာ ပုံပြင်များဖတ်ပြ၍ ပုံပြင်တစ်ပုဒ်ချင်းစီ၏ အကျိုး‌ကျေးဇူး မေးမြန်းချက်များ ပြုလုပ်ခဲ့ရာ ကလေးငယ်များမှ ​ပျော်ရွှင်၍ စိတ်ပါဝင်စားစွာ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်းနှင့် အဆိုပါပုံပြောခြင်းတွင် ကလေးငယ် (၁၄) ဦးပါဝင်ကြောင်း သိရသည်။

လဲချား (မြို့နယ် ပြန်/ဆက်)