Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
+
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် သယံဇာတရေးရာဝန်ကြီးကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာများ၏ ပထမ(၃)လပတ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးသို့တက်ရောက်
Aug 29,2024
ချင်းပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ကွပ်ကဲမှုအောက်ရှိဌာနဆိုင်ရာများ၏ ပထမ( ၃ )လပတ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ကွပ်ကဲမှုအောက်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Aug 29,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာအောင်ကိုဦး(UMK) ရေးသားသော လူငယ်တွေကို လမ်းဖွင့်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် (၂၀၂၄) ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများနှင့် အောင်ချက်အမြင့်ဆုံးရရှိသည့် ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Aug 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် (၂၀၂၄) ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အမြင့်ဆုံးရရှိသည့် ကျောင်းများအား ဩဂုတ်လ (၂၆) ရက်နေ့၊ နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)ရှိ သော်ကဆောင်ခန်းမ၌ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ
Aug 29,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အဆင့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉) နာရီက မြို့နယ်စည်ပင်သာယာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြအခမ်းအနား ကျင်းပ
Aug 29,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်လျော့နည်းစေရေး၊ မီးသတ်ဆေးဘူးများ အသုံးပြုတတ်စေရန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့်မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း(ဒါးက)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Aug 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ ဗလငါးတန်တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နေ့လယ် (၁) နာရီ အချိန်ခန့်က ဒါးကကျေးရွာအုပ်စု၊ (ဒါးက) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှ၌ တောင်သူနည်းပညာပေး သင်တန်းဖွင့်လှစ်ခြင်းနှင့် ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချ
Aug 29,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်စေရန်အတွက် နည်းပညာပေး သင်တန်းဖွင့်လှစ်ခြင်းနှင့် ယူရီးယားဓာတ်မြေဩဇာများ ဈေးသက်သာစွာ ဖြန့်ဖြူးရောင်းချခြင်းကို ယနေ့နံနက် (၉) နာရီခွဲက ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းအား ကြည့်ရှုအားပေး
Aug 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့သည် ရေဘေးသင့်ပြည်သူများအား ယမန်နေ့နေ့လယ်ပိုင်းက ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ သာသနာ့ဗိမာန်တော်တွင် ကမ္ဘာ့စားနပ်ရိက္ခာ(WFP)မှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3381
Page
3382
Page
3383
Page
3384
Current page
3385
Page
3386
Page
3387
Page
3388
Page
3389
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department