သတင်းများ

ရှမ်းရွာသစ်မြို့တွင် သဘာဝဘေးအန္တရာယ်ကြောင့် လယ်မြေ (၁၂၈)ဧက ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်
Aug 09,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဇူလိုင်လ(၂၅)ရက်နေ့တွင် မိုးများအဆက်မပြတ် ရွာသွန်းခဲ့ပြီး  တောင်ကျရေများနှင့် မိုးရေများဝင်ရောက်မှုကြောင့် ရင်းဘိုင်းကျေးရွာအုပ်စုနှင့် မဲလရောကျေးရွာအုပ်စုရှိ တောင်သူများ၏ လယ်ယာမြေများတွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ရာ လယ်ယာ (၁၂၈)ဧက ပျက်စီးသွားကြောင်းသိရသည်။
ကံမမြို့နယ်၌ ကျောင်းကျန်းမာရေး သီတင်းပတ်(အကြို) ကျန်းမာရေးနှင့်ပတ်သက်သော ဗဟုသုတမေးခွန်းများဖြေဆို
Aug 09,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေး သီတင်းပတ်(အကြို) လှုပ်ရှားမှုအနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်သော ဗဟုသုတမေးခွန်းများဖြေဆိုခြင်းကို ကံမမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အလယ်တန်းကျောင်းများတွင် ပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်က ပြောင်ကျကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ(ပြောင်ကျ)၌ ကျောင်းသား/ ကျောင်းသူများက ဖြေဆိုခဲ့ကြသည်။
ရှမ်းရွာသစ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်
Aug 09,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့်ကလေးသူငယ်များ ကလေးအလုပ်သမားနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကံမမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Aug 09,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ အင်းကြီးကုန်းကျေးရွာ အလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဩဂုတ်လ (၇) ရက်နေ့ နေ့လယ် (၂) နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့်တိုက်နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Aug 09,2024
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့်တိုက်နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအား ယနေ့ညနေ (၃)နာရီက အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူ့အားကစားကွင်းအတွင်းကျင်းပသည်။
ပုသိမ်ကြီးမြို့နယ်တွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ်
Aug 09,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ် ကျင်းပသည့် အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က ပုသိမ်ကြီးရှိ အောင်ဇမ္ဗူခန်းမဆောင်၌ ကျင်းပခဲ့သည်။
မက်မန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Aug 09,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှု လေ့လာစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဩဂုတ်လ (၇) ရက်နေ့က နယ်ခြားကျောင်းတွင် သွားရောက်ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့၌ တရားမဝင်ဆေးဝါးအတုများနှင့်သက်တမ်းလွန်ဆေးဝါးပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေး
Aug 09,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ တရားမဝင်ဆေးဝါးအတုများနှင့် သက်တမ်းလွန်ဆေးဝါးပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုရှိမရှိအခြေအနေများကို ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်က တာဝန်ရှိသူများ ရှောင်တခင်ကွင်းဆင်း စစ်ဆေးကြသည်။