မြစ်သား သြဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားနပ်ရိက္ခာဖူလုံရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးရန်လျာထားဧက(၆၂၃၈၅)လျာထားပြီး ယနေ့အထိ မြေပြင်၌မိုးစပါးဧက(၁၃၄၁၉) စိုက်ပျိုးပြီးစီး၍ ဒေသခံတောင်သူများက ဆက်လက်စိုက်ပျိူးလျက်ရှိကြောင်း သိရသည်။
ယခုနှစ်မိုးစပါးစိုက်ဧက (၆၂၃၈၅)ဧက စိုက်ပျိုးရန်လျာထားလျက်ရှိရာ ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများးက ဒေသခံတောင်သူများ စားနပ်ရိက္ခာဖူလုံရေး၊ ဝင်ငွေတိုးပွားစေရေး၊ စိုက်ပျိုးထုတ်လုပ်မှုအရည်အသွေးများ ကောင်းမွန်ပြီး ပြည်တွင်း၊ ပြည်ပစျေးကွက်များတိုးချဲ့နိုင်စေရေးတို့အတွက် အသိပညာပေးခြင်း၊ ကွင်းသရုပ်ပြပွဲများပြုလုပ်ခြင်း၊ မိုးစပါး Seeder စိုက်ပျိုးနည်းစနစ်များအသိပညာပေးခြင်းနှင့် ဒေသခံတောင်သူများနည်းပညာ နားလည်တတ်ကျွမ်းပြီး လိုက်နာဆောင်ရွက်လာစေရန်စသည်တို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုပေါင်း(၉၂)အုပ်စုရှိ၍ ဒေသရေမြေသဘာဝထွက်ရှိမှု၊ ဝယ်ယူမှု၊ စားသုံးမှုနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးသန့်စပါးဖြစ်သည့် မနောသုခမိုးစပါးကို တောင်သူများက အများဆုံးကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလျက်ရှိပြီး အခြာစပါးမျိုးဖြစ်သည့် ဧရာမင်းရက်(၉၀)စသည့် စပါးမျိုးများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)