ရေဖြူ ဩဂုတ် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဘဝမြှင့်မားရေး၊ ဆင်းရဲမှုလျှော့ချရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ ကိုယ်ပိုင်လုပ်ငန်းဖြင့် မိသားစုအား တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရှာဖွေပေးနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီ ကအသက်မွေးဝမ်းကျောင်း အထောက်အကူပြု အမျိုးသားသံဂဟေဆက်သင်တန်း ဆင်းပွဲအခမ်းအနားကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရေဖြူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာမြင့်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်ခဲ့သည့်အတွက် ကျေးဇူးတင်စကား ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာ ဦးလွင်ကိုက သင်တန်းပို့ချမှုအတွင်း လုပ်ငန်းများကို ရှင်းလင်းပြောကြားပေးခဲ့သည်။
အဆိုပါအသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း သံဂဟေဆက်သင်တန်းကို (၁၅) ရက်ကြာ ပို့ချပေးခဲ့ပြီးသင်တန်းသားဦးရေ (၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ခတ္တာ