မြိတ်တက္ကသိုလ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မြိတ် ဇူလိုင် ၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်တက္ကသိုလ်တွင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေးစေရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို လေးစားလိုက်နာစေရန်အတွက် အမှတ်(၇၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြိတ်)မှ ဇူလိုင် ၈ ရက် နံနက်ပိုင်းက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပသည်။

အသိပညာပေးဟောပြောရာတွင် အမှတ်(၇၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြိတ်)မှ ဒုတိယရဲအုပ် စိုးမင်း က မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ မောင်းနှင်ရာတွင် လိုက်နာရမည့်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်း/စည်းကမ်းများ၊ ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေး ဟောပြောသည်။

အသိပညာပေး ဟောပြောပွဲသို့ မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းအိ၊ ပါမောက္ခဌာနမှူး ဆရာ/ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူ  စုစုပေါင်း(၅၄၂)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)