မြိတ်မြို့၌ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

မြိတ် ဇူလိုင် ၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ဇူလိုင်လ ၈ ရက်နေ့နံနက်ပိုင်းက  အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်သည်။

အသိပညာပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဇင်ဦးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အာဇာနည်၏ အဓိပ္ပါယ် မျိုးဆက်သစ် လူငယ်များမြန်မာ့ လွတ်လပ်ရေးကို တန်ဖိုးထားထိန်းသိမ်းတတ်စေရန်၊ နိုင်ငံချစ်စိတ်မျိုးချစ်စိတ်၊ ဇာတိသွေးဇာတိမာန် စိတ်ဓာတ်များဖြင့် အမျိုးဘာသာသာသနာနှင့်ယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်၊ အသိပညာဗဟုသုတ ကြွယ်ဝသည့် လူငယ်များဖြစ်ရေး ကြိုးစားရန် ဟောပြောသည်။

ထို့နောက် ဦးစီးအရာရှိ (တာဝန်ပေး)  ဒေါ်ချိုချိုစန်းက ယနေ့ခေတ် လူငယ်များ အမှားအမှန်အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည့် အသိတရားများရရှိရေးအတွက် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အထရရှိစေရန်နှင့် စာပေမှတစ်ဆင့် ဗဟုသုတများ တိုးပွားလာစေရန်  စာပေများကို များများလေ့လာဖတ်ရှုကြရန် ဟောပြောသည်။ အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)