ညောင်ဦးမြို့နယ်၌ အသေးစားထုတ်ကုန်များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ညောင်ဦး ဇူလိုင် ၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော အသေးစားထုတ်ကုန်များ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ညောင်ဦး မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ဇူလိုင် ၉ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ကျေးလက်နေမိသားစုဝင်ငွေတိုးစီမံကိန်း လူသုံးကုန်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇေယျာလင်းက အသေးစားထုတ်ကုန်များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်အဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇေယျာလင်း၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်တို့က စီမံကိန်းလုပ်ငန်း၊ သင်တန်းသုံးသင်ထောက်ကူပစ္စည်းများ၊ သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများအား လွှဲပြောင်းပေးအပ်ရာ သင်တန်းခေါင်းဆောင်နှင့် သင်တန်းသား၊ ကျောင်းသူများက လက်ခံရယူကြကာ တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် သင်တန်းသူ သင်တန်းသားများ အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။ ပြီးနောက် စက်ချုပ်နည်း ပညာသင်တန်းသုံး ပစ္စည်းများအား ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်း ညိုနှင့်တာဝန်ရှိသူများကကြည့်ရှုရာ ခရိုင်ဦးစီးမှူး ဦးဇေယျာလင်းက ရှင်းလင်းပြသပေးခဲ့ကြောင်း အဆိုပါသင်တန်းအား သင်တန်းသားသင်တန်းသူ ၁၅   ဦးဖြင့် ၁၄ ရက်ကြာစာ တွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း