ပြင်ဦးလွင် ဇူလိုင် ၈
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှကြီးမှူး၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ ၂၀၂၆-၂၀၂၉ ခုနှစ်အတွက် အလုပ်အမှုဆောင်ရွေးချယ်ပွဲနှင့် နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးပွဲကို ယမန်နေ့မွန်းလွဲပိုင်း ၁ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၅) ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်၊ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးဌေးမြင့်၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ မန္တလေးတိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးနှင့် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှု အသင်း၊ မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်ဥက္ကဋ္ဌ ဒေါက်တာစန်းလှိုင်တို့မှ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များအား အသေးစိတ်အသီးသီးရှင်းလင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများနှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး ၂ဝ၂၆-၂၀၂၉ ခုနှစ်အတွက် အလုပ်အမှုဆောင်ရွေးချယ်ပွဲနှင့်သင်းလုံးကျွတ် နှစ်ပတ်လည်အစည်းအဝေးပွဲအခမ်းအနားအစီ အစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပခဲ့ပါကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင် (ပြန်/ဆက်)