မိုင်းယု ဇူလိုင် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦီးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တာကြန့်ကျေးရွာအုပ်စု၊ ဆမ်မိန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ စကားဝါဆောင်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းယုမြို့ဦီးစီးမှူး ဦးအောင်သူဟိန်းနှင့် ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၈ ဦးကို Biometric data များ စိစစ်ကောက်ယူ၍ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေနှိပ်ခြင်းနှင့် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များထည့်သွင်းခြင်းများ ပြုလုပ်ပေးပြီး တက်ရောက်လာသည့် မိုင်းယောင်းခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကိုကိုစု၊ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်နှင့် UIDကတ်များကို ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်