ရန်ကုန် ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး ၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အစိုးရသစ်ကာလ၊ ရက်(၁၀၀)စီမံချက်ဖြင့် သန်လျင်မြို့နယ်အတွင်းရှိ ရေသန့်စက်ရုံ(၇)ရုံအား ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ FDAမှတာဝန်ရှိသူများ၊ မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရေသန့်စက်ရုံများ ဖြစ်ကြသော Gandamar၊ Angel ၊San Eain Taw၊ Cozy၊ ရွှေဒင်္ဂါး၊ CX7၊ K2T စက်ရုံများ၌ သတ်မှချက်နှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/ မရှိ၊ သန့်ရှင်းမှုရှိ/ မရှိစစ်ဆေးခြင်းနှင့် သန့်ရှင်းမှုရှိစေရေးအတွက် လိုအပ်သည်များကို စက်ရုံတာဝန်ရှိသူများအား ဆွေးနွေးမှာကြား ခဲ့ကြောင်းသိရသည်။
ဖြိုးသီဟ (သန်လျင်)