ကြံခင်းမြို့နယ် သဲဖြူကျေးရွာအုပ်စု၊ မြတ်ပညာစာကြည့်တိုက် ရှင်သန်ခိုင်မာရေး ကွင်းဆင်းစစ်ဆေး
Aug 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရေးနှင့် ကျေးရွာနေပြည်သူများ လွယ်ကူစွာဖြင့် စာပေလေ့လာဖတ်ရှုနိုင်စေရန် ယမန်နေ့ နေ့လယ်ပိုင်းက သဲဖြူကျေးရွာအုပ်စုရှိ မြတ်ပညာ စာကြည့်တိုက်သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြောင်း သိရသည်။