မြောင်းမြမြို့တွင် ဈေးမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်
Jan 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မီးဘေးလုံခြုံရေးအတွက် မြောင်းမြခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ်(၉)ရပ်ကွက်၊ အမျိုးသားဈေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။