သတင်းများ

ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပြီး အားကစားနည်းများဖြင့် သရုပ်ပြသ
Jan 16,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပြီး အားကစားနည်းများဖြင့် သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမ၌ ကျင်းပပြုလုပ်သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်
Jan 16,2025
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
မင်းတုန်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 16,2025
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့၌ ယနေ့နံနက် ၉ နာရီက လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ဝေသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဖြန့်ဝေခဲ့ကြသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Jan 16,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ 
ထားဝယ်မြို့၌ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာရုံးများသို့ သုတ/ ရသစာအုပ် စာစောင်များ ငှားရမ်းပေး
Jan 16,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာရုံးများသို့ သုတ/ ရသစာအုပ် စာစောင်များ ငှားရမ်းပေးခဲ့သည်။
ဒိုက်ဦးမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ၂ဝ၂၄ - ၂ဝ၂၅ ဘဏ္ဍာရေးနှစ် လူမှုရေးပင်စင်ပေးအပ်ခြင်းဆောင်ရွက်
Jan 16,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ(၅၇၀)ဦးအား နိုင်ငံတော်၏ဘတ်ဂျက်ရန်ပုံငွေမှ ဧပြီလမှ ဒီဇင်ဘာလအထိ (၉)လစာလူမှုရေးပင်စင်ပေးအပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် ဆီမုန်ညှင်းစိုက်ခင်းများနှင့် အထက်နမ့်ထွမ်ရေအား လျှပ်စစ်စက်ရုံအား သွားရောက်ကြည့်ရှုစစ်ဆေး
Jan 16,2025
မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင်အတွင်း ဒေသတွင်း စားဆီဖူလုံရေးအတွက် သီးထပ် စိုက်စွမ်းအား တိုးမြှင့်နိုင်ရေးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိသည့် ဆီမုန်ညှင်းစိုက်ခင်းများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ပင်းတယမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ
Jan 16,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အ.ထ.က(ကြိုသက်)ကျောင်း ပညာ့ရောင်ခြည်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ကျင်းပခဲ့သည်။