နတ်မောက် ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် စာသင်ခန်းတွင် ပညာသင်ကြားနေကြရမည့်အရွယ် ကလေးသူငယ်များ စားဝတ်နေရေးအလို့ငှာ လုပ်ငန်းခွင်ထဲသို့ ရောက်ရှိနေကြခြင်းမှာကလေး၏ အနာဂတ်ကိုသာမက နိုင်ငံ၏အနာဂတ်ကိုပါ ထိခိုက်နစ်နာစေသည့် အကြောင်းအရာများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉ ခုနှစ်)ဥပဒေပုဒ်မ ၁၀၁(ခ)၊ ဥပဒေပုဒ်မ၁၀၃(ခ)(၁)နှင့် ဥပဒေပုဒ်မ ၁၀၃ စသည့်အကြောင်းအရာများ၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ရည်မှန်းချက်(၆)ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေး၊ လူရွယ်၊ လူငယ်၏ အဓိပ္ပာယ်ဖော်ပြချက်နှင့် ကလေးအလုပ်သမားဆောင်ရွက်သည့် ကာတွန်းပုံများဖြင့် လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ကျောင်းသား/သူလေးများကို ဖြန့်ဝေပေးခဲ့ကြသည်။
လှဝင်း