ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇီးကုန်းမြို့နယ်တွင် ဆောင်းသီးနှံပဲတီစိမ်းစံပြကွက်ဧက(၅၀၀)စိုက်ပျိုးထားမှုအား ကြည့်ရှုအားပေး

ဇီးကုန်း ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာများသည် ယနေ့နံနက်ပိုင်းက နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ သာပေါင်းအုပ်စု၊ လယ်တွင်းကျေးရွာတွင် ၂၀၂၅-၂၀၂၆ ခုနှစ် ပန်းတိုင်အထွက်နှုန်းပြည့်မှီကျော်လွန်ထွက်ရှိရေးအတွက် ဆောင်းသီးနှံ ပဲတီစိမ်းစံပြကွက်ဧက (၅၀၀) စိုက်ပျိုးထားမှုအား ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် သာပေါင်းအုပ်စု၊ လယ်တွင်းကျေးရွာ ကွင်းအမှတ် (၃၈၁/၃၈၂)တွင် (၅၀၀)ဧက၌ ပဲတီစိမ်းမျိုးစိုက်ပျိုးထားမှုကို ကြည့်ရှုအားပေးကာ သီးနှံများပန်းတိုင်အထွက်နှုန်း ပြည့်မှီကျော်လွန်ထွက်ရှိရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဇီးကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပဲမျိုးစုံဧက(၄၇၁၂၃)စိုက်ပျိုးထားရှိခဲ့ပြီး၊ ပဲတီစိမ်းရေဆင်း-၁၄မျိုးစိုက်ပျိုးထားရှိမှုမှာ (၂၆၉၃၇)ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)