နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း အပ်ချုပ်စက်သင်တန်းဖွင့်ပွဲ တက်ရောက်
Aug 21,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာနှင့် ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ပေတောကျေးရွာတို့တွင် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်အသေးစား၊ အငယ်စား၊ အလတ်စား (MSME)အသင်းတို့ပူးပေါင်း၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး အထောက်အကူဖြစ်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် အပ်ချုပ်စက်သင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရှားတောကျေးရွာ၊ ဘုန်းတော်ကြီးအနောက်ကျောင်းတွင် ကျင်းပခဲ့သည်။