ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ နတ်တလင်းမြို့ "လူငယ့်အလင်းရောင်" စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားတက်ရောက်

နတ်တလင်း ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ ပွတ်စုကျေးရွာအုပ်စု၊ ပွတ်စုကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်ဆောင်ရွက်မှုကော်မတီ၏ မတည်ငွေကျပ်သိန်း (၁၅၀) ဖြင့် ဆောက်လုပ်သော "လူငယ့်အလင်းရောင်" စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားတက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများက စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကာ စာကြည့်တိုက် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖျန်းပေးခဲ့ပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

ထို့နောက် စာကြည့်တိုက်အတွက် အလှူငွေကျပ်သိန်း (၃ဝ) နှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းကလက်ခံရယူခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)