နမ့်စန်တွင် မြန်မာ့သိုင်းအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နမ့်စန်(တ) ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် မြန်မာ့သိုင်း အခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်ကျောက်တိုင် အားကစားကွင်းအတွင်းတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့သည်။

ထို့နောက် အခြေခံပညာကျောင်း(၄)ကျောင်းမှ မြန်မာ့သိုင်းသင်တန်းသား ကျောင်းသား ကျောင်းသူများက မြန်မာ့သိုင်းဗန်တို(၆၃)မောင်းနှင့် ဗန်တိုအတိုက်တို့ကို သရုပ်ပြဖျော်ဖြေခဲ့သည်။

ဆက်လက်၍ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုက ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့ရာ သင်တန်းနည်းပြဆရာ ဦးမောင်ဇော်က လက်ခံရယူခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇေယျာဟန်၊ မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်း၊ မြို့နယ်လက်ဝှေ့ဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဟိန်နှင့် မြို့မအထက ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးတို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာ အခြေခံပညာကျောင်းအလိုက် သင်တန်းသား သင်တန်းသူများက လက်ခံရယူခဲ့သည်။

အဆိုပါ မြန်မာ့သိုင်းအခြေခံသင်တန်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင်စတင်၍ အ.ထ.က(မြို့မ)၊ အ.ထ.က-ခွဲ(လေတပ်)၊ အ.ထ.က-ခွဲ(မြို့ဦး)နှင့် အ.ထ.က-ခွဲ(လွိုင်ငင်းကြီး)တို့တွင် ဖွင့်လှစ်သင်ကြားခဲ့ပြီး မြန်မာ့သိုင်းစိတ်ပါဝင်စားသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၈၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)