မိုင်းပျဉ်း ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ဝမ်မတ်နှင့် ဝမ်နောင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ၂၀၂၅ ခုနှစ် ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းတို့တွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့ ဝမ်မတ်နှင့် ဝမ်နောင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းများတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ ဆောင်ရွက်ရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုး ရေးအကြောင်းနှင့် စာပေအကျိုးကျေးဇူးအကြောင်းတို့ကို အသိပညာပေးဟောပြော၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ခြင်းအလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာအုပ်၊စာစောင်များ ဖတ်ရှုကြစေခြင်းဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဝမ်မတ်နှင့် ဝမ်နောင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့၏ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအားလုံး စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
နန်းသန္တာဦး(ပြန်/ဆက်)