မြောင်းမြမြို့တွင် ဈေးမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်

မြောင်းမြ ဇန်နဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မီးဘေးလုံခြုံရေးအတွက် မြောင်းမြခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၉)ရပ်ကွက်၊  အမျိုးသားဈေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြောင်းမြခရိုင် မီးသတ်ဦးစီမှူး ဦးထွန်းနိုင်ဦးဦးဆောင်၍ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက အမျိုးသားဈေးအတွင်းရှိ ဈေးဆိုင်၊ ဈေးခန်းများအား မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌနမှ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ သတ်မှတ်ချက်စံနှုန်းများနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိစစ်ဆေးခြင်း၊ ရေလှောင်ကန်နှင့် အပေါ့စားမီးသတ်စက်များ အရန်သင့်ပြင်ဆင်ဆောင်ရွက်ထားရှိရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည့် ပစ္စည်းကိရိယာများ ထပ်မံထားရှိရန် အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)