မိုင်းပန်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်

မိုင်းပန် ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ဇန်နဝါရီလ(၁၁)ရက်နေ့မှစတင်၍ ယနေ့အထိ ဆက်လက်ထုတ်ပေးလျက်ရှိသည်။

အဆိုပါ လူမှုရေးပင်စင်ထုတ်ပေးရာတွင် မိုင်းပန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၁၀၆)ဦး၊ အသက်(၂)နှစ်အောက်ကလေးငယ် (၂၁၀)ဦးနှင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုဘိုးဘွား(၆၄)ဦး လူမှုရေးပင်စင်ပေးအပ်ရာ စာရင်းကောက်ယူသည့်အချိန် စာရင်းထည့်သွင်းထားသော ငွေထုတ်မည့်သူနာမည်ဖြင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ လာရောက်ထုတ်ယူနိုင်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ အကြီးတန်းစာရေး ဦးစိုင်းဆေဟန်ခေးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)