အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sale) လုပ်ငန်းများ မှတ်ပုံတင်လက်မှတ် လျှောက် ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 21,2024
မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း(Online Sale) လုပ်ငန်းများ မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးနှင့်ဝန်ထမ်းများ၊ မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာဦးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။