ဒေးဒရဲမြို့၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသရုပ်ပြသ
Aug 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများ အထွက်နှုန်း တိုးထွက်စေရေးနှင့် ကြဲခင်းစနစ်ပပျောက်စေရေး၊ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲဆောင်ရွက် နိုင်စေရေး ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာ၊ တောင်သူ ဦးထွန်းမြင့်အောင်၏ ကွင်းအမှတ် (၂၅၂)၊ ဦးပိုင်အမှတ် (၂၀/၂) စိုက်ပျိုးလယ်မြေ (၁၁)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။