စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူး သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Aug 29,2024
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပညာရေးဌာနမှ ဆရာမများ မိမိတို့သက်ဆိုင်ရာကျောင်းတွင်း ဟောပြောပွဲ၊ အစည်းအဝေး၊ ဆွေးနွေးပွဲ စသည့်အခမ်းအနားများကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ အခမ်းအနားမှူးသင်တန်းကို ဩဂုတ်လ ၂၆ ရက်နေ့မှ စတင်ဖွင်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။