မအူပင်မြို့တွင် အမှိုက်များစနစ်တကျစွန့်ပစ်နိုင်စေရေး အသိပညာပေးကွင်းဆင်းစစ်ဆေး
Aug 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအား အထောက်အကူပြုစေရန်နှင့် အမှိုက်များအားစနစ်တစ်ကျစွန့်ပစ်နိုင်စေရန် ဆောင်ရွက်ထားရှိမှုများအား လိုက်နာဆောင်ရွက်မှုရှိစေရန် ယနေ့ နံနက် (၁၀) နာရီက မြို့ရှောင်လမ်းတစ်လျှောက် ပြေးဆွဲလျက်ရှိသည့် မော်တော်ဆိုင်ကယ်များနှင့် အဝေးပြေးကားများပေါ်တွင် စီးနင်းလိုက်ပါလာသည့်ခရီးသည်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးသည်။