ခန္တီးမြို့၌ ပင်ပိုင်းဆိုင်ရာမျိုးပွားခြင်း နည်းစနစ်များ တောင်သူနည်းပညာပေး သင်တန်းဖွင့်လှစ်
Aug 30,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ပြည်သူများအား သစ်သီးဝလံပင်များတွင် ပင်ပိုင်းဆိုင်ရာ မျိုးပွားနည်းစနစ်များ ရင်းနှီးကျွမ်းဝင်လာစေရန်နှင့် ပင်ပိုင်းဆိုင်ရာ မျိုးပွားနည်းစနစ် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ သိရှိလာစေရန် ရည်ရွယ်၍ ပင်ပိုင်းဆိုင်ရာ မျိုးပွားခြင်း နည်းစနစ်များ တောင်သူနည်းပညာပေး သင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ခန္တီးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။