သတင်းများ

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) တွင် မြန်မာ့ရိုးရာသိုင်းသင်တန်းဆင်းပွဲ ကျင်းပ
Jan 18,2025
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) တွင် မြန်မာ့ရိုးရာ (အခြေခံ၊ အဆင့်မြင့်) သိုင်းပညာသင်တန်းအမှတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီလ (၁၇) ရက် နံနက်ပိုင်းက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
မန္တလေးနည်းပညာတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားများ ကျင်းပ
Jan 18,2025
မန္တလေးနည်းပညာတက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေးနည်းပညာတက္ကသိုလ် စုဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မန္တလေးနည်းပညာ တက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူးများ)၊ နှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Jan 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဝါးရခိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။
ငပုတောမြို့နယ်တွင် ရှေးဟောင်းသမိုင်းဝင် မဟာရာဇာမုနိအောင်တော်မူစေတီတော်မြတ်ကြီး၏ ‌ဌာပနာတော် သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပ
Jan 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဥယျာဉ်ကုန်းရပ်ကွက်အတွင်း အသစ်ပြန်လည် တည်ထားကိုးကွယ်တော် မူ‌အပ်သော ရှေးဟောင်းသမိုင်းဝင် မဟာရာဇာမုနိအောင်တော်မူစေတီတော်မြတ်ကြီး၏ ‌ဌာပနာတော် သွင်းလှူပူဇော်ခြင်းမဟာမင်္ဂလာ အခမ်း အနားကို ယ‌မန်နေ့နံနက်ပိုင်းက အဆိုပါ ဘုရားရင်ပြင်ရှိ မဟာမင်္ဂလာမဏ္ဍပ်တွင် ကျင်းပပြုလုပ်သည်။
ကြံခင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု
Jan 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးနှင့် ပြည်ထောင်စု ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယ​နေ့ မွန်းလွဲပိုင်း ကွင်းဆင်းစစ်ဆေးကြည့်ရှုကြသည်။
ဆေးဝါးတက္ကသိုလ်-မန္တလေး၊ ဆေးဝါးသိပ္ပံပညာပထမနှစ် (၁၁/၂၀၂၄) သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 18,2025
ဆေးဝါးတက္ကသိုလ်-မန္တလေး၊ ဆေးဝါးသိပ္ပံပညာပထမနှစ် (၁၁/၂၀၂၄) သင်တန်း  မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက်ပိုင်းက အမရပူရမြို့နယ် အဆိုပါတက္ကသိုလ် ရှိဘက်စုံသုံးခန်းမဆောင်တွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆေးဝါးတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်၊ ပါမောက္ခနှင့်ဆေးဘက်ဆိုင်ရာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ပါမောက္ခ ဌာနမှူးများ၊ ဆရာ၊ ‌ဆရာမများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ပထမနှစ်သင်တန်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး အခမ်းအနားကို “ဂုဏ်ယူဝင့်ကြွား တို့ဆေးဝါး” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။
မင်းလှမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲ ကျင်းပ
Jan 18,2025
မ‌ကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကလေးအလုပ်သမားပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီခွဲက မြောက်ရပ် အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ခိုလမ်မြို့၊ မူလွန်(ဝမ်ဖွီး)ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
Jan 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း(ဝမ်ဖွီး)တွင် ကျင်းပခဲ့သည်။