ကြံခင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

ကြံခင်း ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးနှင့် ပြည်ထောင်စု ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယ​နေ့ မွန်းလွဲပိုင်း ကွင်းဆင်းစစ်ဆေးကြည့်ရှုကြသည်။

ဦးစွာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် phyo thin kyaw co.ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော တံတားဦး ကွန်ကရစ်တံတား ပေ ၁၀၀ ပထမပိုင်းတည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှုအားလည်းကောင်း၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းဖြင့် Dwelling Place Co.Ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပုသိမ်-မုံရွာ-ဝန်ထောက်ကွင်း-ပင်ကတိုင်း-ဂွေးချို-သာပေါင်းလမ်း (၀/၃.၄၅) မိုင် ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်နေမှုနှင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် ဂွေးချို(၁၆၄’)တံတားအားကျေးရွာမှ ယာယီ တံတားဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး၊ တံတားတည်ဆောက်ရေးအဖွဲ (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်း၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုသိန်းဇော်လင်းတို့မှ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ကွင်းစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)